(ToS) Ver. 1.0

ကြိုတင်သဘောတူညီမှု

မိမိတို့ စာကြည့်တိုက် (provider) သည် ဒီနေ့ ပညာရေး နှင့် အလုပ်အကိုင် အကူအညီလိုအပ်သူများစွာကို မိမိတို့ စာကြည့်တိုက်၏ အကောင်းဆုံးဝန်ဆောင်မှုများ (Services) ကို ရရှိနိုင်စေရန်၊ နှင့် စာကြည့်တိုက်မှလည်း အကောင်းဆုံးဝန်ဆောင်မှုများ (Services) ပေးနိုင်ရန် တို့အတွက်၊ စာကြည့်တိုက် နှင့် စာကြည့်တိုက် ဝန်ဆောင်မှုကို အသုံးပြုသူ (User) အကြား ဝန်ဆောင်မှုအပေါ်တွင် ကြိုတင်သဘောတူညီထားရမည့် ဝန်ဆောင်မှုသဘောတူညီချက် (Terms of Services) ကို ချမှတ်ထားပါသည်။

အကယ်၍ သင့်အနေဖြင့် စာကြည့်တိုက် ဝန်ဆောင်မှုကို အသုံးပြုတယ်ဆိုရင် အခု Terms of Services ကို ကြိုတင်သဘောတူညီနှင့်ပြီးလို့ ယူဆရမှာ ဖြစ်ပါသည်။

  • User တစ်ဦးသည် တူညီသောဝန်ဆောင်မှုအတွက် အကောင့်တစ်ခုကိုသာ အသုံးပြုရပါမည်။ Provider ခွင့်ပြုချက် မရှိပဲနှင့် တခြားသူကို ရောင်းချ၊ ငှားရမ်း၊ လက်ဆောင်ပေးခွင့် မရှိပါဘူး။
  • စာကြည့်တိုက်အပ်တွင် ပုံ၊ စာ၊ အသံဖိုင်၊ ဗီဒီယို၊ ဒီဇိုင်း၊ အပြင်အဆင် စသည်တို့ကို အချိန်မရွေး ထပ်တိုးခြင်းများ ရှိနိုင်ပါသည်။
  • ထို့အတူ အဆိုပါ ရှိနှင့်ပြီးသော အရာများကိုလည်း အချိန်မရွေး ဖြုတ်ချခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းများ ပြုလုပ်နိုင်ပါသည်။
  • အကယ်လို့ သင့်အတွက် စာကြည့်တိုက် ဝန်ဆောင်မှုက အကူအညီ မဖြစ်ဘူးဆိုရင် (Feedback) ပေးနိုင်ပါသည်။ (သို့) App ကို Uninstall ပြုလုပ်နိုင်ပါသည်။ သို့သော် စာကြည့်တိုက်ကို ထိခိုက်နစ်နာစေသော ကိစ္စရပ်များကို မပြုလုပ်ရပါဘူး။
  • ထို့အတူပဲ စာကြည့်တိုက်ဘက်မှလည်း သင့်ကိုပေးထားသော ဝန်ဆောင်မှုကို အချိန်မရွေး ရပ်စဲခြင်း၊ အစားထိုးခြင်း၊ ပယ်ဖျက်ခြင်းများ ပြုလုပ်နိုင်ပါသည်။
  • စာကြည့်တိုက်အပ်သည် သင့်ကို စာမေးပွဲအောင်ရမည်၊ အောင်လက်မှတ်ရရမည်၊ အလုပ်ရရမည် မည်သည့် အာမခံချက်မျှ မပေးနိုင်ပါဘူး။ ၎င်းကိစ္စများသည် သင်ဆက်သွယ်သော သက်ဆိုင်ရာ စာဖြေဌာန၊ လုပ်ငန်း၊ ကုမ္ပဏီ၊ အေးဂျင့်များနှင့်သာ သက်ဆိုင်ပါလိမ့်မည်။
  • အကယ်လို့ စာကြည့်တိုက်အပ်သည် ရန်သူမျိုး (၅) ပါးကြောင့် ဝန်ဆောင်မှု ရပ်တန့်ခြင်း၊ ရပ်စဲခြင်း၊ အခက်အခဲဖြစ်ခြင်း စသည်တို့ဖြစ်လျှင် စာကြည့်တိုက်ဘက်မှ မည်သို့မျှ တာဝန်ယူပေးနိုင်မည် မဟုတ်ပါဘူး။
  • ထို့အတူ ဝန်ဆောင်မှုကို အသုံးပြုခြင်းကြောင့် သင့်တွင် တစ်ခုခု နစ်နာဆုံးရှုံးမှုများဖြစ်ခဲ့လျှင်လည်း စာကြည့်တိုက်ဘက်မှ မည်သို့မျှ တာဝန်ယူပေးနိုင်မည် မဟုတ်ပါဘူး။
  • အကယ်၍ သင့်နစ်နာမှုအတွက် တစ်ခုခု စဉ်းစားပေးမည်ဆိုသော် သင်ပေးခဲ့သော ဝန်ဆောင်ခထက် မပိုသော ငွေသား၊ (သို့) အစားထိုး ဝန်ဆောင်မှုကိုသာ ပြန်လည်စဉ်းစားပေးမှာ ဖြစ်ပါသည်။
  • အကယ်လို့ User နှင့် Provider အကြား တစ်ခုခု Conflict ဖြစ်တယ်ဆိုရင် စာကြည့်တိုက်ဘက်မှ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။
  • စာကြည့်တိုက်အနေဖြင့် အခု TOS ကို အချိန်မရွေး ပြုပြင်ပြောင်းလဲမှု (update) ပြုလုပ်နိုင်ပါသည်။ အကယ်၍ Update ပြုလုပ်ခဲ့သည်ရှိသော် ၎င်းကို သက်ဆိုင်ရာ ဝဘ်ဆိုဒ်/ ပေ့ချ်များတွင် တင်ပေးထားမှာ ဖြစ်ပါတယ်။

ဒါကြောင့် သင်ယူသူတစ်ဦးချင်းစီသည် စာကြည့်တိုက်၏ သင်ထောက်ကူ အကောင်းဆုံးဝန်ဆောင်မှုများကို အသုံးပြုနိုင်ကြပြီး၊ ကောင်းမွန်တဲ့ အလုပ်အကိုင်၊ ကောင်းမွန်တဲ့ ဘ၀အောင်မြင်မှု၊ နှင့် ကောင်းမွန်တဲ့ လိုအပ်ဆန္ဒများ ပြည့်ဝကြပါစေလို့ စာကြည့်တိုက်အဖွဲ့သားများမှ ဆန္ဒပြုပါတယ်။