Member Levels

မန်ဘာအဆင့်များ

စာကြည့်တိုက်အပ်တွင် မန်ဘာအဆင့် နှစ်မျိုး ရှိပါသည်။ ၎င်းတို့မှာ_

  • Basic Member (အခြေခံမန်ဘာ)
  • Premium Member (🏆အထူးမန်ဘာ) တို့ ဖြစ်ပါသည်။

* အကယ်လို့ သင်က မန်ဘာမဝင်ရသေးဘူးဆိုရင် App ရှိ မည်သည့်လုပ်ဆောင်ချက်မျှ သုံး၍မရနိုင်ပါ။

Basic Member (အခြေခံမန်ဘာ)

အခြေခံမန်ဘာ ဆိုတာဘာလဲ?

စာကြည့်တိုက်၏ မန်ဘာအဆင့် သတ်မှတ်ချက် ဖြစ်ပါသည်။ App ၏ Basic Member အတွက် ပေးထားသော လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်ပါပြီ။

အခြေခံမန်ဘာ ဈေးနှုန်း ဘယ်လောက်လဲ?

ယေဘုယျအားဖြင့် အခမဲ့ ဖြစ်ပါသည်။

အခြေခံမန်ဘာ ဘယ်လိုလျှောက်ရမလဲ?

စာကြည့်တိုက်အပ်မှ အခါအားလျှော်စွာ မန်ဘာအသစ်များကို လက်ခံကြိုဆို ပေးနေပါသည်။ ဘယ်နေ့ရက်၊ ဘယ်အချိန်၊ ဦးရေမည်မျှ ဆိုတာကိုတော့ စာကြည့်တိုက် ဖေ့ဘုတ်ပေ့ချ် fb.me/sarkyitite မှာ ကြေငြာပေးမှာ ဖြစ်ပါတယ်။

🏆Premium Member (အထူးမန်ဘာ)

🏆အထူးမန်ဘာ ဆိုတာဘာလဲ?

အထူးမန်ဘာသည် စာကြည့်တိုက်၏ မန်ဘာအဆင့် သတ်မှတ်ချက် ဖြစ်ပါသည်။ App မှာ ထည့်သွင်းပေးထားသော အထူးလုပ်ဆောင်ချက်များကို အသုံးပြုနိုင်ပါမည်။

🏆အထူးမန်ဘာ ဈေးနှုန်း ဘယ်လောက်လဲ?

အသုံးပြုလိုသော ပလန် (Duration) အတွက် subscription Fees ရှိပါမည်။ အသေးစိတ်ကို App ရှိ ပလန်ဝယ်ယူသည့်နေရာတွင် ကြည့်ရှုရပါမည်။

🏆အထူးမန်ဘာ ဘယ်လိုလျှောက်ရမလဲ?

အထူးမန်ဘာဖြစ်ဖို့အတွက် အရင်ဦးဆုံး သင်သည် Basic Member ဖြစ်နေရပါမည်။ ဒါဆိုရင် Premium Member အဆင့်ကို မြှင့်တင်လို့ ရပါပြီ။

🏆အထူးမန်ဘာ ဘယ်လိုလျှောက်ရမလဲ?

🏆အထူးမန်ဘာဖြစ်ဖို့အတွက် အရင်ဦးဆုံး သင်သည် Basic Member ဖြစ်နေရပါမည်။ ဒါဆိုရင် Premium Member အဆင့်ကို မြှင့်တင်လို့ ရပါပြီ။

  • အဆင့် (၁)
    App Home Screen ၏ ညာဘက်အပေါ်ဒေါင့်တွင် ရှိသော အရောင်မှိန် "မန်ဘာကဒ်" ကို နှိပ်ပါ။
  • အဆင့် (၂)
    ပြထားတဲ့ ပလန်များထဲမှ သင်နှစ်သက်သော ပလန်တစ်ခုကို ရွေးချယ် ပါ။
  • အဆင့် (၃)
    ဖော်ပါအတိုင်း လုပ်ဆောင်ပါ။ ပြီးရင် အချိန်တစ်ခု စောင့်ပေးပါ။

* ဒါဆိုရင် စာကြည့်တိုက်ဘက်မှ သင့်အချက်အလက်၊ နှင့် ငွေပေးသွင်းမှုများ စစ်ဆေးပြီး သင့်ကို မန်ဘာအဆင့်မြှင့်တင် ပေးပါလိမ့်မည်။

Share: